ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများအား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနားလည်စေပြီး ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးပေါင်းမြောက်များစွာ ပေးဆပ်၍ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန်၊ ကမ္ဘာတည်သရွေ့ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည့် လွတ်လပ်ရေး တည်တံ့ခိုင်မြဲစေရန်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ဝန်ထမ်းများက ဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၂-ခုနှစ် ဇန်နဝါရီလ ( ၄ )ရက်နေ့တွင် ကျရောက်မည့် " (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ " အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ် အတွင်းရှိ ကျောင်းများ၊ ဌာနဆိုင်ရာများ၊ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည် ဆိုင်များ၊ စားသောက်ဆိုင်များနှင့် လမ်းဆုံလမ်းခွ နေရာများ အပါအဝင် လူစည်ကားရာနေရာတို့တွင် ပြည်သူများထံ လက်ဝယ် အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။