ဖြူး ဇန်နဝါရီ ၄
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့နိုင်ငံတော်အလံတင် အခမ်းအနား၊ နိုင်ငံတော်အလံကို အလေးပြုခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သည့် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာဖတ်ကြားသည့် အခမ်းအနားကို ဇန်နဝါရီလ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပသည်။
ရှေးဦးစွာ နံနက်(၄)နာရီ (၂၀)မိနစ်အချိန်တွင် အလံတင်အခမ်းအနားကိုကျင်းပရာ နိုင်ငံတော်အလံအား အလံတင်စစ်ခရာမှုတ်၍ တိုင်ထိပ်သို့လွှင့်တင်ပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ အကြီးအကဲများက အလံတင်အဖွဲ့နှင့်အတူ နိုင်ငံတော်အလံကို အလေးပြုကြသည်။
ဆက်လက်၍ နံနက်(၇)နာရီအချိန်တွင် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ဖတ်ကြားခြင်းအခမ်း အနားကိုကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုပြီး ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ ရဲဘော်အပေါင်းတို့ အားတက်ရောက် လာကြသူများက အလေးပြုကြ သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာကို မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက ဖတ်ကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှထုတ်ဝေသော (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)