ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲသို့တက်ရောက်
Jan 04,2022
(၇၄)နှစ်မြောက လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားကို ဇန်နဝါရီ(၄)ရက် နံနက်(၄)နာရီမိနစ်(၂၀)က တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်အပြည့် လွှင့်ထူပေးပြီးနောက် တာဝန်ရှိသူများမှ နိုင်ငံတော်အလံအားအလေးပြုကြသည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး နယ်မြေခံတပ်မတော်သားများနှင့် ရဲတပ် ဖွဲ့ဝင်များ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ပြည်နယ်ခရိုင်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။