အင်းတော် ဇန်နဝါရီ ၄
၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အင်းတော်မြို့ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နံနက်၄ နာရီ၊ မိနစ် ၂၀ တွင်(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ကျင်းပရာ အလံတင်တပ်စုက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ခဲ့သည်။ ထို့နောက် အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက်ရောက်လာသူများက နိုင်ငံတော်အ လံကို အလေးပြုကြပြီး၊ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုခဲ့ကြသည်။
ယင်းနောက် နံနက်(၇)နာရီ အချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ အခမ်းအနားတွင် ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား တက်ရောက်လာကြသူများက အလေးပြုခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်က ဖတ်ကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ အင်းတော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သီဟ