စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ  ဇန်နဝါရီ ၄

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် စိန်ရတု ပြည်ထောင်စုနေ့အခမ်း အနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂) ကို ယမန်နေ့ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက နေပြည်တော်တွင် စိန်ရတုပြည်ထောင်စုနေ့ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပရန် စီစဉ်လျက်ရှိပါကြောင်း၊  နေပြည်တော်တွင် ကျင်းပမည့် အခမ်းအနားသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များက အလှပြယာဉ်များဖြင့် သွားရောက် ပြသရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် တက်ရောက်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည် နယ်တွင်လည်း စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို အနှစ်သာရပြည့်ဝစွာဖြင့် ပြည့်ပြည့်စုံ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခု အစည်းအဝေးတွင် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ များကို ဖွဲ့စည်းပြီး လုပ်ငန်းကော်မတီအလိုက် မိမိတို့ ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးသွား ကြရမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသော  ကော်မတီဝင်များအနေဖြင့်လည်း မိမိတို့ကော်မတီ အလိုက် အခမ်းအနားတင့်တင့် တယ်တယ် အောင်အောင်မြင်မြင်ဖြစ်အောင် မိမိတို့အမြင်များနှင့် တင်ပြဆွေးနွေးပေး ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးကော်မတီအတွင်းရေးမှူး၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်း တာဝန်ပေး ထားမှုနှင့် ယခင်နှစ် အခမ်းအနားများတွင် လုပ်ဆောင်ခဲ့သော အခြေအနေများကို ရှင်းလင်းတင်ပြ သည်။ ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက စိန်ရတု ပြည်ထောင်စု အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး အကြံပြုဆွေးနွေးတင်ပြကြပြီး နေပြည်တော်တွင် သွားရောက် ပြသမည့် အလှပြယာဉ်ပြင်တွင် ပြသမည့်အခြေအနေများနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။ ဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း