ပေါင်းတည် ဇန်နဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် စည်ပင်သာယာ ကန်လယ်ကျွန်းအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ဇန်နဝါရီ၄ရက်နံနက်၄နာရီက ကျင်းပရါ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့က ဦးဆောင်ကာ နိုင်ငံတော်အလံလွှင့်ထူပြီးအလေးပြုကြသည်။
ထို့နောက် နံနက်၇နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းက ဖတ်ကြားသည်။ ဆက်လက်၍ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့်၊အလယ်တန်းဆင့်နှင့်မူလတန်းဆင့်စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများကဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
အေးအေးဆင့်