ဘားအံမြို့ အမှတ်(၇)ရပ်ကွက် ရှင်စောပုလမ်းတွင်  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး

ဘားအံ  ဇန်နဝါရီ  ၆

ကရင်ပြည်နယ်၊ ဘားအံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူ စေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၃၅.၁၅၀)သန်းဖြင့် ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်၊ ရှင်စောပုလမ်းတွင် ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် အရှည်(၁၀၄၅)ပေ၊ အကျယ်(၁၄)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ဘားအံမြို့ စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဦးကျော်လင်းမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

အဆိုပါလုပ်ငန်းပြီးစီးမှုကြောင့် မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝ၊ သွား‌ရေးလာ‌ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အတွက်အဆင်‌ပြေ လွယ်ကူ‌လာပြီဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)