တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ၏ ရင်တွင်းစကားသံများ

တံတားဦး ဇန်နဝါရီ  ၆

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာ့ရှင် ပြည်သူများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှု ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ တစ်ဦး၏ ရင်တွင်းစကားသံ များအသံအချို့ကို ဖော်ပြပေးလိုက်ပါတယ်-

အဒေါ်က ဒေါ်နိုင်မော်ပါ၊ အသက်က(၅၇)နှစ်ရှိပြီး နေရပ်ကတော့ ဥတည်ကျေးရွာအုပ်စု၊ တောင်တော်ရပ်မှာ နေထိုင်ပြီးအလုပ်အကိုင်က မှီခိုပါ။ ကိုဗစ်-၁၉ရောဂါစဖြစ်တဲ့အချိန်မှာ အဒေါ်ဖျားပြီးတော့ ကိုယ်လက်တွေ ကိုက်ခဲလာတာကြောင့်  ကျန်းမာရေးဌာနကိုသွားပြီး စစ်ကြည့်တော့  အဖြေက ကိုဗစ်-၁၉ရောဂါရှိတယ်လို့ သိရတယ်။

ရောဂါစဖြစ်တဲ့အချိန်မှာတော့ နှာစေးတယ်၊ ချောင်းဆိုးတယ်၊  ကိုယ်လက်တွေ ကိုက်ခဲပြီး ဖျားတော့ တာပဲ။ ဆရာဝန်ကပေးတဲ့တွေကို ပုံမှန်သောက်လိုက်တော့ (၅)ရက်နောက်ပိုင်း အဖျားမရှိတော့ဘူး။ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ ညွှန်ကြားတဲ့အတိုင်းဆေးပုံမှန်သောက်တယ်။ ကိုယ်ခံအား ကောင်းလာအောင် အဟာရပြည့်မဲ့ အစားအသောက်တွေကို အဒေါ်နေ့တိုင်း ပုံမှန်စားတယ်။  ဆရာဝန် က အအေးမမိအောင် ဂရုစိုက်နေထိုင်ခိုင်းတာကြောင့် Quarantine  Centre မှာ(၁၄)ရက်နေပြီး  အိမ်ကို ပြန်လာပါတယ်။ အိမ်မှာ(၇)ရက်သီးသန့်နေပြီး နောက်ပိုင်း အရင်လိုပြီး ကျန်းမာရေးပြန်ကောင်း လာပါတယ်။

ကိုဗစ်-၁၉ရောဂါကို မပေါ့ဆပါနဲ့ မြန်မြန်သိပြီး မြန်မြန်ကုသရင် ရောဂါအခြေအနေမဆိုးပဲ နှာစေး ၊ ချောင်းဆိုးလောက်ဖြစ်ပြီး ပုံမှန်အတိုင်းသွားလာလှုပ်ရှား လုပ်ကိုင်လို့ရမှာပါ။  ရောဂါစဖြစ်တဲ့အချိန်မှာ ကိုယ်ခံအားကောင်းအောင် နေထိုင်ပါ။ အဓိက စိတ်ဓာတ်လုံးဝမကျကြပါနဲ့။ ရောဂါပျောက်ကင်းပြီး Home  Quarantine နေတဲ့အချိန် အဟာရပြည့်ဝအောင်စားပါ။ ပင်ပန်းတာတွေမလုပ်ကြပါနဲ့။  အဆုပ်ကို ပြန်အားကောင်းစေမဲ့  အသက်ရှူလေ့ကျင်းခန်းကို မကြာခဏလုပ်ပေးပါလို့ အဒေါ်အနေဲ့ အကြံပြု ချင်ပါတယ်၊ အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် အဒေါ်ကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။

ရဲတင့်(တံတားဦး)