ကဝမြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

ကဝ ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှု ဖြင့် အသက်(၁၈)နှစ်နှင့်အထက်  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  မထိုးရသေးသူများကို  ပထမအကြိမ်နှင့်  ပထမအကြိမ်ထိုးပြီးသူများကို  ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ငါးထပ်ကြီးဘုရားရင်ပြင်တော်တွင် ဆက်လက်ထိုးနှံပေး ခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို   ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး   အဖွဲ့ဝင်များ၊ ကျန်းမာ ရေး ဝန်ထမ်းများ၊ အသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာအုပ်စုများအလိုက် ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများကိုလည်း သတ်မှတ်ဦးစားပေးအလိုက်  ဆေးထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)