ကာလိမြို့မဈေး ဆိုင်းဘုတ်အသစ်တပ်ဆင်ခြင်း အခမ်းအနားကျင်းပ

ကာလိ ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ အမှတ်(၁) ရပ်ကွက်တွင်ရှိသည့် မြို့မဈေးအား ကာလိမြို့မဈေးကော်မတီအဖွဲ့မှ ဈေးတွင်း ရောင်း/ဝယ်နေကြသည့် ပြည်သူများတို့ကို ဦးဆောင်ပြီး မြို့မဈေးဆိုင်းဘုတ်အသစ် တပ်ဆင်ခြင်းဆောင်ရွက်ရာတွင် ယနေ့ နံနက် (၈) နာရီခန့်က ဆိုင်းဘုတ်အသစ် တပ်ဆင်ခြင်းအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကာလိမြို့စည်ပင်သာယာရေးဌာနမှ ဦးစီးမှူး ဦးခင်ဇော်ဦး၊ မြို့ဈေးကော်မတီအဖွဲ့နှင့် ဈေးတွင်းရောင်း/ဝယ်နေကြသည့် ပြည်သူများတို့က တက်ရောက်ကာ ကာလိမြို့၊ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် နှင့်ရဟန်းသံဃာတော်များတို့က မြို့မဈေးဆိုင်းဘုတ် တပ်ဆင်ခြင်းတွင် အန္တရာယ်ကင်းတရားတော်များ ရွတ်ဖတ်ပေးခြင်း၊ ငါးပါးသီလခံယူခြင်း ၊ ဆိုင်းဘုတ်အား ကင်ပွန်းမင်္ဂလာ ပရိတ်ရည်များ ပက်ဖြန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဝင်းကျော်(ကာလိ)