မိုးမောက် ဇန်နဝါရီ ၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာ ပေး Talk Show ကို ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဲစုမိုးက ကိုဗစ်−၁၉ ရောဂါနှင့်စပ်လျဉ်း၍ မြို့နယ်ကြက်ခြေနီ အသင်းခွဲ၏ မြို့နယ်အတွင်းပါဝင်လှုပ်ရှားဆောင်ရွက်ပေးမှုများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ အသင်းဝင်များအား ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ရာ၌ ရောဂါပိုးကူးစက်မှုမခံစားရစေရန် ဆောင်ရန်၊ရှောင်ရန်များ သင်ကြားပို့ချ ပေးခဲ့မှုများကို မေးမြန်းခဲ့ရာ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးခင်မောင်ဝေက မြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်၏ ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ခုရေ ၁၀၀၀၀ ကျော် အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ ကိုဗစ်−၁၉ ရောဂါစင်တာများတွင်လည်း ကျရာနေရာမှပါဝင်ကူညီဆောင်ရွက် ပေးခဲ့ကြောင်းများ ပြောကြား ပြီး ယခုအခါ မြန်မာနိုင်ငံကို ကိုဗစ်−၁၉ ရောဂါဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောက်ရှိလာပြီဖြစ်တဲ့အတွက် ကူးဆက်မှုကို ကြိုတင်ကာကွယ်ပြင်ဆင်ရန် ပြည်သူများအနေဖြင့် လူစုလူဝေးနေရာများကို ရှောင်ကြဉ်ရန်၊ မလိုအပ်ပဲအပြင်မထွက်ရန်၊ အပြင်ထွက်တိုင်းMask (ပါးစပ်နှင့်နှာခေါင်းစည်း)ကို စနစ်တကျတပ်ဆင်ရန်၊ Hand Gel ဖြင့် လက်ကို ဆေးကြော ခြင်း၊ဆပ်ပြာဖြင့်လက်ကို စက္ကန့် ၂၀ ကြာလက်ဆေးခြင်း စသည်တို့ကို စနစ်တကျ ဆောင်ရွက် ရန်နှင့် မြို့နယ်ကြက်ခြေနီအသင်းအနေဖြင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များတွင် တစ်တပ်တအားပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်