ကျိုင်းတုံ ဇန်နဝါရီ ၇
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ ၊ကျိုင်းတုံမြို့ရှိ ပြည်နယ်ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဇန်နဝါရီ ၅ ရက် ညနေ ၃ နာရီက တြိဂံဒေသတိုင်း စစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာ စကားပြောကြားပြီး၊ တြိဂံဒေသတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီ၏ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးပြီး ဆွေးနွေး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပြောကြား၍ နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်း တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ မြို့နယ်စည်ပင်သာယာရေးခန်းမ၌ ကျင်းပသော လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား၂၀၂၁ခုနှစ်၊အောက်တိုဘာလမှ ၂၀၂၂ခု နှစ်မတ်လအထိ (၆)လအတွက် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား တက်ရောက်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံခရိုင်အတွင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့်ရရှိပြီးထောက်ပံ့ပေးနေသည့်ဘိုးဘွား ရိပ်သာ(၁)ခု၊မသန်စွမ်းပရဟိတ ဂေ ဟာ(၁)ခု နှင့်လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာ(၁)ခုတို့ကို လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ ထောက်ပံ့ရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီထောက်ပံ့ပေး လျက်ရှိပါကြောင်း၊ပရဟိတဂေဟာ နှင့်အတူ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း(၁၁)ကျောင်းနှင့်မိခင်ဝိုင်း (၂၇)ကျောင်းတို့ကိုပါ ထောက်ပံ့ကြေး ပေးအပ်လျက်ရှိပြီး ယနေ့တွင်ဘိုးဘွားရိပ် သာ(၁)ခု၊မသန်စွမ်းပရဟိတဂေဟာ (၁)ခုနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၁)ခုတို့အား နိုင်ငံတော်၏ကိုယ်စား ယခုလို ကိုယ်ထိလက်ရောက် ထောက်ပံ့ချီးမြှင့် ပေးခွင့်ရသည့် အတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနည်းတူ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လည်း ထပ်တူထပ်မျှဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယနေ့ထောက်ပံ့ပေးမည့် ကျိုင်းတုံခရိုင်အတွင်းရှိကျိုင်းတုံဘိုး ဘွားရိပ်သာအတွက် ကျပ်(၁,၁၀၂,၅၀၀ိ/) ၊စိန်မေရီမသန်စွမ်းဂေဟာအတွက် ကျပ်(၈၁၀,၀၀၀ိ/)၊ မေတ္တာရိပ်မြုံ လူငယ်ပရဟိတဂေဟာအတွက် ကျပ်(၁,၃၂၃,၀၀၀ိ/)၊ စုစုပေါင်း(၃,၂၃၅,၅၀၀ိ/) (ကျပ်သုံးဆယ့်နှစ်သိန်းသုံးသောင်း ငါးထောင်ငါးရာတိတိ)ဖြစ်ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုများကိုခံယူ၍ ကြိုးပမ်းဆောင်ရွက်သွားကြရန်ပြောကြားသည်။
ဆက်လက်၍ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ကျော်ထွန်းက ကျိုင်းတုံဘိုးဘွားရိပ်သာအတွက် ကျပ်(၁,၁၀၂,၅၀၀ိ/)နှင့် မေတ္တာရိပ်မြုံလူငယ်ပရဟိတဂေဟာ အတွက်ကျပ်(၁,၃၂၃,၀၀၀ိ/)တို့ကို ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းကစိန်မေရီမ သန်စွမ်းဂေဟာအတွက်ကျပ်(၈၁၀,၀၀၀ိ/)တို့ကို ထောက်ပံ့ပေးအပ်ပေးပြီး ဂေဟာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့နယ်စည်ပင် သာယုရေးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ကျိုင်းအင်းလမ်းကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင် ရွက်ပြီးစီးမှုအခြေအနေနှင့်ရှမ်းပြည် နယ်အစိုးရအဖွဲ့၏ဒေသဖွံ့ဖြိုးရေး ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သော နောင်တုံကန် ကွန်ကရစ်တိုင်နှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး ကျိုင်းတုံမြို့ ဝစီပိတ်သီလဓမ္မကုန်းသာတောရ ကျောင်းဆရာတော်အားသွားရောက် ဖူးမျှော်ကာ နဝကမအလှူငွေကျပ်သိန်း(၅၀)ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊တိုင်းမှူးဗိုလ်မှူးချုပ် မျိုးမင်းထွန်းတို့က ဆက်ကပ်လှူဒါန်းပေးကြပြီး ဗုဒ္ဓဉယျာဉ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြ ကြောင်းသိရှိရသည်။
မောင်မောင်သန်း