စုကလိ ဇန်နဝါရီ ၇
ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်း တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပထမနှစ်၀က်စာမေးပွဲများအား ဇန်နဝါရီလ ၅ ရက်နေ့မှစတင်၍ ကျင်းပခဲ့ရာ ယနေ့နံနက်တွင် နောက်ဆုံနေ့အဖြစ် စုကလိမြို့ အထက်တန်းကျောင်းတွင် နံနက် ၉ နာရီမှ စတင်၍ ကျင်းပခဲ့သည်။
အလယ်တန်းအဆင့် စာမေးပွဲများအား ဘာသာရပ်များဖြစ်သည့် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံဘာသာရပ်များအလိုက် တစ်နေ့လျှင် နှစ်ဘာသာနှုန်းဖြင့်ဖြေဆိုကြပြီး ယနေ့နံနက်တွင် နောက်ဆုံးဘာသာရပ်ဖြစ်သည့် သမိုင်းဘာသာရပ်နှင့် သိပ္ပံဘာသာရပ်များအား စာသင်ဆောင်အခန်းများတွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ဖြေဆိုစေခဲ့ကြောင်း သိရသည်။
ပိုပိုအောင်