ညောင်တုန်း ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Showကို ဇန်နဝါရီလ ၇ရက် နံနက် ၁၀နာရီ အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်ရဲကျော်တို့က မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့ အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန် (၄)ရပ်ကို ဦးတည်ဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့်လည်း ပူပြင်းခြောက်သွေ့သော နွေရာသီရောက်တော့မည်ဖြစ်၍ မီးဘေးလုံခြုံရေးအတွက် မီးချိတ်မီးကတ်၊ သဲ၊ ရေပုံး၊ မီးသတ်ဆေးဗူးများကို ရုံးဌာနတိုင်း၊အိမ်တိုင်းတွင် ထားရှိရန်လိုအပ်ကြောင်း စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများကိုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Pageတွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)