မိုင်းပျဉ်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

မိုင်းပျဉ်း   ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းပျဉ်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံး ပြည်သူ့ စာကြည့်တိုက်သို့ မိုင်းပျဉ်းမြို့ပိန်းဆန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ ဒေါ်နန်းဝိုးတစ် မိသားစု (ပန်းနုရောင်ကုန်စံဆိုင်)မှ ယမန်ရက်နေ့က သုတ/ရသစာအုပ်များကို လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

လာရောက်လှူဒါန်းရာတွင် ရသစာအုပ်များဖြစ်သည့် ဝတ္ထု၊မဂ္ဂဇင်းနှင့် ရုပ်ပြစာအုပ်များပါဝင်ပြီး စုစုပေါင်းအုပ်ရေ (၄၇၀)ထိရှိသည်။ စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုကြသည့် စာဖတ်ပရိတ်သတ်များ ပိုမိုဖတ်ရှုစေနိုင်ရန်အတွက် ရည်ရွယ်၍ လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။

လှူဒါန်းရရှိသည့် စာအုပ်များနှင့် အလှူရှင်အမည်စာရင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မိုင်းပျဉ်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် မှတ်တမ်းရေးသွင်းထားရှိပြီး အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန်အတွက် စနစ်တကျ ခင်းကျင်း ပြသထားရှိကြောင်းသိရသည်။

ခင်သန္တာအောင်