ရွှေကူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် တားဆီးနိုင်ရန်အတွက် Mask မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ပြုလုပ်

ရွှေကူ   ဇန်နဝါရီ   ၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ် တားဆီးနိုင်ရန်အတွက် Mask မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး‌ရှေ့  ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင်  ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍   ပါးစပ်နှင့်နှာခေါင်းစည်း (Mask) (၁၀၀၀)ခုကို အခမဲ့ဝေငှခြင်း၊  ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ  Omicron (အိုမီခရွန်) ရောဂါပိုး ဝင်ရောက်ဖြစ်ပွားမှုများ ကမ္ဘာတစ်ဝန်းတွင် ကျယ်ပြန့်စွာ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ကြောင်းနှင့်  မြန်မာနိုင်ငံတွင်လည်း   အဆိုပါ Omicron (အိုမီခရွန်) ကူးစက်ခံရသူအား စတင်တွေ့ရှိလာပြီဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍  ပြည်သူလူထုအတွင်း လူမှုပတ်ဝန်းကျင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့်  အတူယှဉ်တွဲ နေထိုင်ခြင်းဖြင့်  ရောဂါကူးစက်ပျံ့ပွားမှု လျော့နည်းစေရန်၊ ထိန်းချုပ်ကာကွယ်နိုင်စေရန်  မိဘပြည်သူများ တစ်ဦးချင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်း များကိုတိကျစွာ လိုက်နာခြင်းနှင့်  အပြင်ထွက်သည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ  မမေ့မလျော့ သတိပြု၍ တပ်ဆင်သွားကြ ရန်လိုကြောင်း၊ ရောဂါထိန်းချုပ်ရေးအတွက်  တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိ ရသည်။

မြို့နယ် (ပြန်/ဆက်)