ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု(Mask Campaign)ဆောင်ရွက်

သရက် ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု(Mask Campaign)ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၀၈:၃၀)နာရီက သရက်မြို့ မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ နှာခေါင်းစည်း(Mask Campaign)ဆောင်ရွက်ခြင်းအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သုခရတနာပရဟိတအသင်းတို့ပူးပေါင်း၍ ခရီးသွားပြည်သူများ၊ မော်တော်ယဉ်၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာစေရန် အသိပေးနှိုးဆော်ခြင်း၊ အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစကာကွယ်ပါ အသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)