လဲချားမြို့နယ်တွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေး

လဲချား  ဇန်နဝါရီ   ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်  ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက် ၈ နာရီက မြို့မစျေးရှေ့နှင့် စျေးအတွင်း၌ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) အခုရေ (၉၅၀)ခုကို မြို့နယ်အတွင်းရှိ လမ်းသွားလမ်းလာ ပြည်သူများနှင့် မြို့မစျေးအတွင်းရှိ စျေးရောင်း၊ စျေးဝယ်ပြည်သူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ပြီး အပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ အိမ်ပြန်ရောက်ပါက လက်ကိုဆပ်ပြာဖြင့် မိနစ်(၂၀)ကြာ ဆေးကြောရန်၊ အပြင်ထွက်သည့် အဝတ်အစားများကို အိမ်ပြန်ရောက်ပါက လဲလှယ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန် စသည်ဖြင့် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (လဲချား)