ကျောက်ဆည်မြို့တွင် အိမ်ထောင်စု (၃၀၃) စု အကျိုးပြုမည့် ကံဦးရပ်ကွက်လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများဆောင်ရွက်

ကျောက်ဆည်   ဇန်နဝါရီ   ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်တွင် အိမ်ထောင်စု(၃၀၃)စု အကျိုးပြုမည့် မင်းကုန်းဘုန်တော်ကြီးကျောင်း အလယ်ပေါက် ကံဦးရပ်ကွက်လမ်းအား မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။

ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် (၃.၄၆၆) သန်း အကုန်အကျခံကာ အရှည်(၃၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မ ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပြီး အဆိုပါလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းကြောင့် အိမ်ထောင်စု(၃၀၃)စု၊ လူဦးရေ (၁၄၅၉)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့တွင် ပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပေစေရးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် မြို့တွင်းလမ်း/တံတားများ ပြုပြင်ဆောက်လုပ်ပေးခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ပေးခြင်း၊ လမ်းဘေးဝဲ/ယာများတွင် ပန်းအလှပင်များ၊ အရိပ်ရအပင်များ စိုက်ပျိုးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)