ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများမှ ခနောင်တိုအရှေ့ ရပ်ကွက်၊ ဓမ္မပီတိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်တော်မူသော အနန္တဇိနမဟာအတုလစေတီတော်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ အနန္တဇိနမဟာ အတုလစေတီနှင့် စေတီတော်ပရဝဏ် အတွင်း/အပြင်တို့တွင် တံမြက်စည်းလှည်းခြင်း၊ ဘုရားဆင်းတုတော်များ ရောင်တော်ဖွင့်ခြင်း၊ ဘုရားပန်းများ အသစ်လဲလှယ်ခြင်း၊ ပတ်ဝန်းကျင်ရှိ မြက်၊ ချုံနွယ်များ ရှင်းလင်းခြင်း၊ ရေမြောင်းများ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ကုသိုလ်ပြုစုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ (IPRD)