သံတောင်ကြီး ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမ (၃) လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လတို့အတွက် အသက်(၈၅)နှစ်နှင့်အထက် သက် ကြီးဘိုးဘွားများအားယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းက လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့် ထံပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သံတောင်ကြီးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် သံတာင်ကြီးမြို့ သက်ကြီးဘိုးဘွား (၅၈) ဦး အတွက်ထောက်ပံ့ငွေကျပ် (၁၇၄၀၀၀၀)၊ သံတောင်မြို့ သက်ကြီးဘိုးဘွား (၂၄)ဦးအတွက် ထောက်ပံ့ငွေကျပ် (၇၂၀၀၀၀) လိပ်သိုမြို့ သက်ကြီးဘိုးဘွား (၄၂)ဦးအတွက် ထောက်ပံ့ငွေကျပ်(၁၂၆၀၀၀၀) ၊ ဘောဂလိမြို့ သက်ကြီးဘိုးဘွား (၅၈) ဦးအတွက် ထောက်ပံ့ငွေကျပ်(၁၇၄၀၀၀၀) စုစုပေါင်း သက်ကြီးဘိုးဘွား (၁၈၂)ဦး အတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ်(၅၄၆၀၀၀၀) ကိုမြို့နယ် အုပ်ချုပ်ရေးမှူးမှ သက်ဆိုင်ရာ မြို့အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များထံပေးအပ်ပြီး ၎င်းတို့မှ လူမှုရေးပင်စင်ထောက်ပံ့ခံစားခွင့်ရှိသူ သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက်သွားရောက် ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)