ငရုတ်ကောင်းမြို့ရှိ စျေးဆိုင်များနှင့် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး
Jan 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ရှိ စျေးဆိုင်များနှင့် စက်သုံးဆီ အရောင်းဆိုင် များအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် ဖြစ်ပွားလာပါက အရေးပေါ်ငြိမ်းသတ်ရန် ပစ္စည်းများထားရှိမှုနှင့် မီးဘေးလုံခြုံမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ရဲတပ်ဖွဲ့မှစခန်းမှူး ရဲအုပ်ရဲမြင့်၊ မြို့စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦး၊ မြို့လျှပ်စစ်ဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တို့က ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။