ညောင်တုန်း ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျုံတမာ ကျေးရွာအုပ်စု၊ ပဲရုံဆိပ်ကျေးရွာရှိ Top Dairy Farm ပုဂ္ဂလိကနွားမွေးမြူရေးခြံသို့ ရောက်ရှိလာရာ မအူပင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြပြီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နို့စားနွားမွေးမြူရေး လုပ်ငန်း၊ နွားနို့ထုတ်လုပ် ရောင်းချနေမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမိုးမိုးခိုင်နှင့် လုပ်ငန်းရှင် ဦးမြတ်သိန်းထွန်း တို့က လိုက်လံရှင်းလင်းပြသခဲ့ပြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ချောင်းကြီးတိုက်နယ်ဆေးရုံသို့ သွားရောက်ကာ ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ကိုဗစ်-၁၉ရောဂါ ကြိုအတွက် Mask (၁၀၀၀)ခု၊ Level 2 PPE ဝတ်စုံ (၁၀၀) စုံတို့အား ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးလှိုင်နှင့် ချောင်းကြီးတိုက်နယ်ဆေးရုံ အုပ်ဒေါက်တာ သက်စုမွန်ဝင်းတို့မှ လက်ခံရယူ ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)