ငရုတ်ကောင်းမြို့ရှိ စျေးဆိုင်များနှင့် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး

ငရုတ်ကောင်း ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ရှိ စျေးဆိုင်များနှင့် စက်သုံးဆီ အရောင်းဆိုင် များအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် ဖြစ်ပွားလာပါက အရေးပေါ်ငြိမ်းသတ်ရန် ပစ္စည်းများထားရှိမှုနှင့် မီးဘေးလုံခြုံမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ရဲတပ်ဖွဲ့မှစခန်းမှူး ရဲအုပ်ရဲမြင့်၊ မြို့စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦး၊ မြို့လျှပ်စစ်ဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တို့က ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် စျေးဆိုင်များနှင့် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ရာ မိမိတို့စျေးဆိုင်ခန်းများတွင် မီးသတ်ဆေးဗူးများ ဆောင်ရွက်ထားရှိရန်၊ လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်း ပျက်စီးနေပါက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်

အသစ်လဲလှယ် တပ်ဆင်အသုံးပြုရန်၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး အထူးဂရုစိုက်ကြရန်၊ စက်သုံးဆီအရောင်းဆိုင်များ၏ ဆီသိုလောင်ထားရှိမှု ပုံစံအခြေအနေများတို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)