မင်းပြား ဇန်နဝါရီ ၉
ယခုအချိန်သည်ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်တားဆီးရေးအတွက် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် သဲတန်းကျေးရွာရှိ Top Group ဆီဆိုင်နှင့် အလယ်ပိုင်းရပ်ကွက်ရှိ မြို့မဈေးအတွင်း၌ မင်းပြားမြို့နယ်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ယမန်နေ့က ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် အသိပေးနိုးဆော်နိုင်ရာတွင် မြို့နယ်မီးဘေး လုံခြုံရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့် မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလူမော်နှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးရာတွင် ဆီသိုလှောင်မှု စနစ်တကျ ရှိစေရေး၊ ဆီဖြည့်နေစဉ် လက်ကိုင်ဖုန်းများ အသုံးမပြုစေရန်နှင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း မီးဘေး အန္တရာယ်ကင်းဝေးစေရန် လောင်စာ သိုလှောင်မှုများ အားစစ်ဆေးခြင်း၊ ရေတွင်း/ရေကန်များ၌ ရေအပြည့်ဖြည့်ထားခြင်း၊ ရေအိတ်၊ သဲအိတ်၊ မီးသတ်လှေကား၊ မီးသတ်ချိတ်၊ မီးကပ်ပြားနှင့် မီးသတ်ဆေးဗူးများအား ကြိုတင်ကာကွယ်ထားရှိခြင်း၊ မီးသတိပေးဆိုင်းဘုတ်များအား စိုက်ထူခြင်း စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်တားဆီးရေးအတွက် ရှောင်ရန်၊ ဆောင်ရန် များအား အကြံပြုမှာကြား ခဲ့ကြောင်းသိရသည်။
သိန်းနုအောင်