မင်းပြားမြို့မဘောလုံးကွင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းများက ပြည်သူ့အကျိုးပြု သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်

မင်းပြား ဇန်နဝါရီ  ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၏ ဌာနဆိုင်ရာဝန်ထမ်းများက ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့မဘောလုံးကွင်း ပတ်ဝန်းကျင်အား ပူးပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ကြသည်။

ထို့သို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲနှင့် ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းတို့က မြက်နှင့်ခြုံနွယ်များ ခုတ်ထွင်ခြင်း၊ ပလတ်စတိတ်အိတ်နှင့် အမှိုက်များ ကောက်ယူခြင်း ပြည်သူ့အကျိုးပြု လုပ်ငန်များကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းနုအောင်