(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Feb 01,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို အထက(၁)၊ ပညာရတနာခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီမှ (၁၁)နာရီအထိ “စည်းလုံးချစ်ကြည် မြန်မာပြည်ပျော်ရွှင်ဆင်နွဲပြည်ထောင်စုပွဲ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ အထက(၁)၊ အထက် တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၇)ဦးတို့က စိတ်ပါ၀င်စားစွာဖြင့် ဖြေဆိုခဲ့ကြကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။