သတင်းများ

ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်ခဲ့ကြသည်။
လှိုင်းဘွဲမြို့စည်ပင်သာယာမြို့မဈေးတွင် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jan 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ စည်ပင်သာယာမြို့မဈေးအရှေ့နှင့် အနောက်ဘက်တို့တွင် အုတ်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းကို ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင်  ပဲစင်းငုံပေါ်ချိန် တောင်သူများ ဈေးကောင်း ရရှိနေ
Jan 10,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ ဒေသခံတောင်သူများ ပဲစင်းပေါ်ချိန် ဈေးကောင်းရနေ သဖြင့် ဈေးကောင်းအမှီ ရောင်းချနိုင်ရေး ကျိုးစားဆောင်ရွက်လျက်ရှိကြောင်း‌ ကူကြီးကျေးရွာမှ ဒေသခံ တောင်သူ တစ်ဦးထံမှ ယမန်နေ့က သိရသည်။
ထောက်ပံ့ကြေး တစ်ကြိမ်တစ်ခါမှ မရရှိသေးသည့် ကျေးရွာအုပ်စု(၄၃)အုပ်စုမှ မသန်စွမ်းထပ်တိုး (၃၆၃)ဦးအား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ သာပေါင်းမြို့နယ်အတွင်းရှိ ထောက်ပံ့ကြေး တစ်ကြိမ် တစ်ခါမှ မရရှိသေးသည့် ကျေးရွာအုပ်စု(၄၃)အုပ်စုမှ မသန်စွမ်း ထပ်တိုး(၃၆၃)ဦး
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Jan 10,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်းမြို့ရှိ စျေးဆိုင်များနှင့် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ရှိ စျေးဆိုင်များနှင့် စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ဖြစ်ပွားလာပါက အရေးပေါ် ငြိမ်းသတ်ရန် ပစ္စည်းများထားရှိမှုနှင့် မီးဘေးလုံခြုံမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ်ရဲမြင့်၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦး၊ မြို့လျှပ်စစ်ဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများ ကျေးရွာအရောက် အသိပေးခြင်း ဆောင်ရွက်
Jan 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းက သုံးအိမ်စု ကျေးရွာသို့ ကရင်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော်ပေးလျက်ရှိ‌ ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်"ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Jan 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမ ခင်စောတင့်ရေးသားသော "ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။