ဂရိတ်ဖရုသီးပင်များ စနစ်တကျ ကိုင်းဖြတ်ပုံသွင်းခြင်းနှင့် မြေဩဇာထည့်သွင်းခြင်း နည်းပညာ မိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်

ခန္တီး  ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့ မွန်းလွဲ()နာရီခွဲအချိန်က အမှတ်(၅၂) ခြေလျှင်တပ်ရင်း၊ နန်စီပွန်ရိပ်သာအတွင်းရှိ ဂရိတ်ဖရုသီးပင်များကို စနစ်တကျ ကိုင်းဖြတ်ပုံသွင်းခြင်းနှင့် မြေဩဇာ ထည့်သွင်းခြင်း နည်းပညာ မိတ်ဆက်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခန္တီးခရိုင်စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနိုင်မော်လွင်က နည်းပညာ မိတ်ဆက်ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး၊ ခရိုင်မြေအသုံးချရေး တာဝန်ခံ ဦးသိန်းထွန်းတင် က ဂရိတ်ဖရုသီးပင်များ စနစ်တကျ ကိုင်းဖြတ်ပုံသွင်းခြင်းနှင့် မြေဩဇာ ထည့်သွင်းခြင်း နည်းစနစ်များကို လည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခိုင်ရင်စိုးက သီးပင်များတွင် ကျရောက်တတ်သော ပိုးမွှားရောဂါကြိုတင် ကာကွယ်ရေး နည်းပညာများကို လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် နန်စီပွန်ရိပ်သာအတွင်းရှိ ဂရိတ်ဖရုသီးပင်များကို စနစ်တကျ ကိုင်းဖြတ် ပုံသွင်းခြင်းနှင့် မြေဩဇာထည့်သွင်းခြင်း လက်တွေ့သရုပ်ပြခြင်းကို ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများ ကလက်တွေ့ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာအခြေချ(ခန္တီး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုအောင်နှင့် အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သားများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဒီဇိုင်း(ရတနာမြေ)