အင်ပင်မြို့ရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းစစ်ဆေး
Jan 09,2022
မြန်အောင်မြို့နယ်၊ အင်ပင်မြို့ရှိ မြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းရုံးဝင်း မြေနေရာအတွင်း ဆောက်လုပ်မည့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ ဆောက်လုပ်မည့် မြေနေရာအား မြန်အောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။