မေတ္တာ ဇန်နဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဟိန္ဒါးကျေးရွာအုပ်စုအတွင်းရ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ထားဝယ်မြို့နယ်၊ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီ အချိန်ခန့်တွင် မေတ္တာမြို့၊ ဟိန္ဒါးကျေးရွာ၊ ရွာလည်စေတီဘုန်းတော်ကြီးကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး လာရောက်ထိုးနှံသူ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့များက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် ပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီး ကျန်းမာရေး အခြေအနေအပေါ် မူတည်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို မေတ္တာမြို့၊ နယ်မြေခံတပ်ရင်းမှ တပ်ရင်းမှူး ဉာဏ်လင်းစိုးနှင့် တပ်ဖွဲ့ဝင်များ၊ မေတ္တာမြို့၊ နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်အောင်မြင့်ဝင်းနှင့် တပ်ဖွဲ့ဝင်တို့က သွားရောက်၍ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နန်းခလိုက်