တောင်ပြိုလက်ဝဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များနှင့် စျေးဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေး

တောင်ပြိုလက်ဝဲ  ဇန်နဝါရီ  ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များနှင့် စျေးဆိုင်များအား ယမန်နေ့နံနက် ၉ နာရီအချိန်က  မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းတာဝန်ခံ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်စိုး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီဆိုင်များနှင့် စျေးဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန်နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှုများအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ မတော် တဆ မီးလောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများ ထားရှိအသုံးပြုတတ်စေရေး၊ စက်သုံးဆီဆိုင်များတွင် ပြည်သူများသိရှိစေရေးအတွက် မီးဘေးလုံခြုံရေး ပညာပေးဆိုင်ဘုတ်များ ထားရှိစေရေးတို့ကို အကြုံပြု ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ 

သိန်းနိုင်(ပြန်/ဆက်)