ကျိန္တလီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ကျိန္တလီ    ဇန်နဝါရီ    ၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသာထားသည့် “လူငယ်နဲ့ဇွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ စာဖတ်ဝိုင်းကျင်းပရာတွင် ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးခိုင်မိုးမင်း (ရုပ်သံကျွမ်းကျင်-၃)က  စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား တက်ရောက်လာသည့် အ.ထ.က (ကျိန္တလီ)ကျောင်းမှ အဋ္ဌမတန်း ကျောင်းသား/ ကျောင်းသူများကို ရှင်းလင်းပြောရာတွင် အသိပညာဗဟုသမျာ းထပ်ဆင့်မျှဝေဖြန့်ဖြူးပေးရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာပေဖတ်ခွင့် မဆုံးရှုံးစေရန်၊ စာအုပ်စာပေဖတ်ရှုခြင်းဖြင့် မိမိတို့ကျင်လည်ရာ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ် ပြောင်းလဲနေသည့် ပြဿနာများကို ဉာဏ်ပညာအမျှော်အမြင် ပြည့်ဝစွာဖြင့် ဖြေရှင်း ဆောင်ရွက်နိုင်ရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သိရသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူ​ အဌမတန်းမှ မနှင်းသဇင်က စာရေးဆရာ “စာရေးဆရာချစ်နိုင် (စိတ်ပညာ)” ရေးသာထားတဲ့ “လူငယ်နှင့်ဇွဲ” စာအုပ်ထဲမှ “တန်ဖိုးအရှိဆုံးအရာ” စာပိုဒ်ပါအကြောင်းအရာမှ ကောက်နုတ်ချက်များ ၊ အဌမတန်းမှ မောင်ဟိန်းထက်ပိုင်က စာရေးဆရာ “စာရေးဆရာချစ်နိုင် (စိတ်ပညာ)” ရေးသာထားတဲ့ “လူငယ်နှင့်ဇွဲ” စာအုပ်ထဲမှ “စာဖတ်လေလေတိုးတက်လေ” စာပိုဒ်ပါ အကြောင်းအရာမှ ကောက်နုတ်ချက်များအား စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူ ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ခိုင်မိုးမင်း(ပြန်/ဆက်)