ကြံခင်း. ဇန်နဝါရီ. ၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နေပြည်သူများ ကိုဗစ်-၁၉ရောဂါ မျိုးကွဲဗိုင်းရပ်စ်(ပြင်းထန်)သော မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကူးစက်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ယနေ့နံနက်(၉)နာရီအချိန်က ကြံခင်းမြို့မဈေးထိပ်နှင့် ဈေးအတွင်း လူစည်ကားရာနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးနှင့် ဝန်ထမ်းများက (Hand Speaker )ဖြင့် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းသည် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် (ပြင်းထန်) အိုမီခရွန်အဖြစ် နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံမှုပိုမိုများပြားလာနေပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို အလေးထားလိုက်နာကြရန် နေအိမ်ပြင်ပထွက်ပါက နှာခေါင်းစည်း(Mask)စနစ်တကျတပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ(Face Shield) ကိုတပ်ဆင်ကြရန်၊ လက်ကိုစက္ကန့် (၂၀) ကြာ မကြာခဏ စနစ်တကျဆေးကြောကြရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက်မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားကြရန်၊ ကိုဗစ်-၁၉ရောဂါလက္ခဏာ သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန် အချက်များကို လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)