သတင်းများ

မင်းလှမြို့တွင် အနာဂတ်ကိုမျှော်တွေးပါ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jan 10,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေး ဦးစီးဌာန နှင့် စာပေချစ်မြတ်နိုးသူများ (Book club) အဖွဲ့တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် စာရေးဆရာ နတ်သျှင် (ရွှေဂူ)၏ အနာဂတ်ကိုမျှော်တွေးပါစာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိ ပညာပေး နှိုးဆော်မှုများဆောင်ရွက်
Jan 10,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲ မြို့နယ်၊လက်ပံငူကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးခြင်း လုပ်ငန်းများကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုး ဆော်မှုလုပ်ငန်းကို ယမန်နေ့မွန်းလွဲ(၃)က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီးအရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 10,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဒေသခံပြည် သူများအား လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့်ပြည်သူများအား နိုင်ငံသား ကတ်ရရှိနိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့က ဂွေးတောက်စမ်းကျေးရွာအုပ်စု၊ ဂွေးတောက်စမ်း ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အလယ်ချောင်းအထက်ကျေးရွာတွင်  လူသုံးကုန်ထုတ်လုပ်နည်းဆပ်ပြချက် သင်တန်းဖွင့်လှစ်
Jan 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အလယ်ချောင်းအထက်ကျေးရွာ  ခန်းမဆောင်တွင်  လူသုံးကုန်ထုတ်လုပ်နည်းဆပ်ပြာချက် သင်တန်းကို  ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
လိပ်သိုမြို့တွင်ကိုဗစ်-၁ ၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုးကြိုတင်ကာကွယ်ရေး  အသိပညာပေးနှိုးဆော်ခြင်းများ  ကရင်မြန်မာနှစ်ဘာသာဖြင့် ဆောင်ရွက်
Jan 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ   ကျယ်ကျယ်ပြန့်ပြန့်  သိရှိလိုက်နာကြစေရန်  အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို    ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နေ့စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေန့နက်ပိုင်းက ကရင်မြန်မာနှစ်ဘာသာဖြင့်  ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း  သိရသည်။
ပိုင်ကျုံမြို့ ကျေးရွာ(၄)ရွာချင်းဆက် လမ်းပေါ်တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် သံကူကွန်ကရစ်တံတားများ တည်ဆောက်ပေးလျက်ရှိ
Jan 10,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ   မဲသပုံ-ကွီးကျယ်-ထီးပရီး-မဲပရခီး ကျေးရွာ(၄)ရွာချင်းဆက် လမ်းပေါ်တွင် သံကူကွန်ကရစ်တံတား(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် (၃၅) ရာခိုင်နှုန်းခန့် ပြီးစီး နေပြီးဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အခြေခံရှေးဦးပြုစုနည်း သင်တန်း ဖွင့်လှစ်ပို့ချ
Jan 10,2022
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံ ရှေးဦးပြုစုနည်းနှင့် ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုနည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကြက်ခြေနီ အသင်းခွဲ ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။