ဝါးခယ်မ ဇန်နဝါရီ ၉
ဧရာဝတီဝတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့သို့ ဝါးခယ်မနွယ်ဖွားရုပ်ရှင်သရုပ်ဆောင် ဝါးခယ်မရဲမောင် (ခ)ဦးရဲမောင်နှင့် အဖွဲ့သည် ဝါးခယ်မမြို့ သကျမဟာသီရိဘုရားဝင်းအတွင်း ကဝိသိပ္ပံကျောင်းတိုက်နှင့် မြသိန်းတန် ရပ်ကွက်ရှိ ဒေါ်ပိုက်မိဘိုးဘွားရိပ်သာများသို့ ယနေ့ နံနက် ၉ နာရီ အချိန်က ရောက်ရှိ၍ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့သည် ကဝိသိပ္ပံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇဝန အမှူးပြုသော ဆရာတော် (၄) ပါးအား (၁)ပါးလျှင် ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုးငွေကျပ် (၅၃၀,၀၀၀) ကျပ်နှုန်းဖြင့် အလှူငွေပေါင်း (၂,၁၂၀,၀၀၀)ကျပ်၊ မြသိန်းတန်ရပ်ကွက်၊ မြို့ပါတ်လမ်းရှိ “ဒေါ်ပိုက်မိ ဘိုးဘွားရိပ်သာ” သို့ မတည်ငွေကျပ် (၃)သိန်းနှင့်ရိပ်သာ ရှိဘိုးဘွား(၁၆)ဦး အပါ သက်ကြီး ဘိုးဘွား (၃၇)ဦးအား (၁)ဦးလျှင် ငွေကျပ်(၂) သောင်းနှုန်းဖြင့် အလှူငွေ (၁,၀၄၀,၀၀၀)ကျပ်တို့ လှူဒါန်းခဲ့ရာ စုစုပေါင်း လှူဒါန်းမှုမှာ ငွေ(၃,၁၆၀,၀၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)