သတင်းများ

ဒေါပုံမြို့နယ်တွင် အသက်(၁၈)နှစ်အထက် စတုထ္တအကြိမ်မြောက်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး
Jan 11,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်း ကျဆင်းလာစေရန် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီနိုင်ရေးအတွက် စတုတ္ထသုတ်(ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးခြင်း တို့ကို ဇန်နဝါရီလ ၁၁ ရက်နေ့နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ်အတွင်းရှိ ကာကွယ် ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ အသစ်ပြန်လည် ရွေးချယ်
Jan 11,2022
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ အသစ်ပြန်လည်ရွေးချယ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူများအား တစ်ကိုယ်ရေ သန့်ရှင်းရေးသုံး ကျန်းမာရေးပစ္စည်းများနှင့် ခြုံစောင်များထောက်ပံ့ပေးအပ်
Jan 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ဘော်ကြိုဘုရားကြီးတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအတွက် Hygiene Kit များနှင့် ခြုံစောင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ တိုက်ပွဲရှောင်စခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်‌မွေးပညာ သင်တန်းကျောင်းတွင် အခြေခံစက်ချုပ် သင်တန်း အခမဲ့ဖွင့်လှစ်ပေး
Jan 11,2022
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် အခြေခံစက်ချုပ်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ကစ၍ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။  
မိတ္ထီလာမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု ၅၃.၇၄ ရာခိုင်နှုန်းရှိ
Jan 11,2022
မိတ္ထီလာမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိုးနှံရန် လျာသူဦးရေ၏ ၅၃.၇၄ ရာခိုင်နှုန်းကို အဆိုပါကာကွယ်ဆေးများ ထိုးနှံပြီးစီးပြီဖြစ်ကာ ကျန်ရှိသူနေများကို ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ် ကြောင်းမြို့နယ်ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှတာဝန်ရှိသူတစ်ဦးထံက သိရသည်။
ကျောက်မဲခရိုင်၊ မြို့နယ်ပေါင်းစုံအမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မိုးလုံလေလုံအားကစားခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျောက်မဲခရိုင်၊ မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း၊ (အေရိုးဗစ်)ပြိုင်ပွဲကို ကျင်းပြုလုပ်ခဲ့ပြီး အဆိုပါပြိုင်ပွဲသို့ အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ စစ်ဦးစီးမှူး (ပထမတန်း) (ဦး/ရေး/ထောက်) ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်အားပေးခဲ့သည်။
အင်္ဂပူမြို့နယ်၌ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး 
Jan 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့တွင်စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စျေးကော်မတီအဖွဲ့တို့မှယနေ့နံနက် ကကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
လက်ပံတန်းမြို့၌ သန့်ရှင်းသာယာလှပစေရေး မြေယာရှုခင်းများဆောင်ရွက်
Jan 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ မြို့အဝင်သန့်ရှင်းသာယာလှပစေ ရေး၊ မြို့အင်္ဂါရပ်နှင့် အညီ လှပစေရန်အတွက် ပြည်သူ့ဆေးရုံရှေ့မြေယာ ရှုခင်းများ ဆောင်ရွက် ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။