သတင်းများ

နောင်ချိုမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများအား ထိုးနှံပေးလျက်ရှိ
Jan 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများကို ယနေ့နံနက်(၉)နာရီအချိန်မှစ၍ နောင်ချိုမြို့ မဏိရတနာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မင်းတုန်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Jan 12,2022
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ မီနီဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းများ တစ်ရွာလျှင် ကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာ(၅)ရွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မအူဒိုင်းကျေးရွာ ရွာတွင်းလမ်း ကွန်ကရစ် ခင်းကျင်းပြီးစီပြီ ဖြစ်သည်။
လှိုင်မြို့နယ်၌ မီးဘေး၊ ရေဘေး၊ မြေငလျင်ဘေးနှင့်​ မြေပြိုဘေးတို့အတွက် ဇာတ်တိုက် လက်တွေ့လေ့ကျင့်ခြင်းများဆောင်ရွက်
Jan 12,2022
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ပြည်သူလူထုအပေါ် ကျရောက်လာနိုင်သည့် သဘာဝဘေး အန္တရာယ်အမျိုးမျိုးတို့မှ အရေးပေါ်ကူညီကယ်ဆယ်ခြင်းလုပ်ငန်း ဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပြီး ဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့် တစ်ပြေးညီ လျင်မြန်စွာ တုံ့ပြန်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိရာတွင် ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် မီးဘေး၊ ရေဘေး၊ မြေငလျင်ဘေးနှင့် မြေပြိုဘေးတို့အပြင် ယာဉ်မတော်တဆမှုများ၊ ရေယာဉ်တိမ်းမှောက်မှုများ ကြုံတွေ့လာပါက ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဇာတ်တိုက် လက်တွေ့ လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Jan 12,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်ခန့်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၇၃၇) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Jan 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၇၃၇) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ် ရင်းငြိမ်းမြောက်ကျေးရွာအုပ်စု၊ သဗြုချောင်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Jan 12,2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် ရင်းငြိမ်းမြောက် ကျေးရွာအုပ်စု၊ သဗြုချောင်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ အ-ထ-ကကျောင်း၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၁၈၃၄)ဦး ထိုးနှံပြီးစီး
Jan 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျာ့နည်းစေရေး၊ ရောဂါအမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ လစဉ်ရက်ချိန်း၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရေဦးမြို့နယ်လုံးလျှပ်စစ်ဓာတ်အားပြည့်၀စွာသုံးစွဲနိုင်ရေး (RCS -2 Tower) လျှပ်စစ်တာဝါတိုင်အမှတ် -၂ အသစ်တည်ဆောက်
Jan 12,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဦးစီးဌာန၏အနီးကပ်ကြီးကြပ်မှု နှင့်အတူ မြို့နယ်လုံးလျှပ်စစ်ဓာတ်အားပြည့်၀စွာ သုံးစွဲနိုင်ရေး (RCS-1, RCS -2 Towers ) လျှပ်စစ်တာဝါတိုင် တည်ဆောက်ခြင်းလုပ်ငန်းကို ဆောက်လုပ်ရေးဦးစီးဌာနရုံး၀င်းပတွင်း၌ ဇန်နဝါရီ ၅ ရက်နေ့မှစ၍ တည်ဆောက်ခဲ့သည်။