ပိုင်ကျုံမြို့ ကစိုကျေးရွာ ရွာတွင်းလမ်းပေါ်တွင် သံကူကွန်ကရစ်တံတား (၁) စင်းတည်ဆောက် ပေးလျက်ရှိ
Jan 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည် စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပ ရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေး အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ကစိုကျေးရွာ ရွာတွင်းလမ်းပေါ်တွင် သံကူကွန်ကရစ်တံတား(၁)စင်း တည်ဆောက်ပေးခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။