ပင်းတယမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးနှိုးဆော်
Jan 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် လိုက်နာရမည့်အချက်များ အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပင်းတယမြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွတို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက Hand Speaker ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြသည်။