ရေနံချောင်းမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ အသစ်ပြန်လည် ရွေးချယ်

ရေနံချောင်း ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ အသစ်ပြန်လည်ရွေးချယ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ဝင် ဦးတင်အောင်ဦးက မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်မှ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် အဆိုပြုသူ ၁၄ ဦးအား စည်းကမ်းချက်များနှင့်အညီ မြို့မိမြို့ဖ များမှ မဲစနစ်ဖြင့်ရွေးချယ်ခဲ့ရာ အိုးဘိုရပ်ကွက်မှ ဦးနေဝင်းက မဲအများဆုံးရရှိသည့်အတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ တွင်းကုန်းရပ်ကွက်မှ ဦးခင်မောင်စိုးက ဒုတိယမဲအများဆုံးရရှိ သည့်အတွက် အဖွဲ့ဝင်အဖြစ် လည်းကောင်း ရွေချယ်ခဲ့ကြသည်။

ကျန်ရှိသော အဖွဲ့ဝင်နှစ်ဦးအဖြစ် လူမှုရေးသို့မဟုတ် စီးပွားရေးအဖွဲ့အစည်း ကိုယ်စားလှယ် တစ်ဦးနှင့်သက်ဆိုင်ရာ လုပ်ငန်းအလိုက် ကျွမ်းကျင်ပညာရှင် ပညာအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တစ်ဦးတို့အား ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့တွင် စုစုပေါင်း()ဦးဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်သွားမည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လည်းကောင်း၊ အဖွဲ့ဝင်အဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ လည်းကောင်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့နယ်စည်ပင်ကော်မတီ အဖွဲ့ဝင်ရွေ့ချယ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်၊ အဖွဲ့ဝင်()ဗိုလ်မှူး သန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးနိုင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဆိုပြုသူများ တက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)