သံတောင်ကြီးမြို့တွင်အသား၊ငါးနှင့်ကြက်ဥများကိုဈေနှုန်းချိုသာစွာဖြင့်ရောင်းချပေး
Feb 01,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင်ဒေသခံပြည်သူများအသား၊ငါးနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် ဘုရင့်နောင်တပ်နယ်မှဗိုလ်မှူး ချုပ်ခင်မောင်စိုး၏ စီစဉ်ညွှန်ကြားမှုဖြင့် ဘုရင့်နောင်တပ်နယ်မှ တာဝန်ရှိသူများနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ပူးပေါင်းကာ ယနေ့နံနက်(၁၀)နာရီအချိန်က သံတောင်ကြီး မြို့ ရပ်ကွက် (၄)လမ်းဆုံတွင် အသားငါးနှင့်ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် လာရောက် ရောင်းချပေး လျက်ရှိကြောင်းသိရသည်။