လှိုင် ဇန်နဝါရီ ၁၂
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ပြည်သူလူထုအပေါ် ကျရောက်လာနိုင်သည့် သဘာဝဘေး အန္တရာယ်အမျိုးမျိုးတို့မှ အရေးပေါ်ကူညီကယ်ဆယ်ခြင်းလုပ်ငန်း ဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပြီး ဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့် တစ်ပြေးညီ လျင်မြန်စွာ တုံ့ပြန်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိရာတွင် ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် မီးဘေး၊ ရေဘေး၊ မြေငလျင်ဘေးနှင့် မြေပြိုဘေးတို့အပြင် ယာဉ်မတော်တဆမှုများ၊ ရေယာဉ်တိမ်းမှောက်မှုများ ကြုံတွေ့လာပါက ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဇာတ်တိုက် လက်တွေ့ လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အကြမ်းဖျင်းစီမံချက်(၁)သာမန်အချိန် ဆောင်ရွက် ခြင်း၊ (၂) အရေးပေါ်အချိန် ဆောင်ရွက်ခြင်း (ကြိုတင်သတိပေးချက်ရရှိချိန်)၊ (၃)အရေးကြီးချိန် ဆောင်ရွက်ခြင်း၊ (၄)ပြန်လည်ထူထောင်ရေး ဆောင်ရွက်ခြင်း (ဖြစ်ပွားပြီးနောက်) ဟူ၍ အပိုင်း(၄)ပိုင်းဖြင့် ဆောင်ရွက်ခြင်းလုပ်ငန်းများကို လှိုင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဟိန်းအောင်ကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
သီတာ(ပြန်/ဆက်)