နတ်မောက် ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်ခန့်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့သည်။
ထိုသို့မြို့ပေါ်(၇) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးရာတွင် လာရောက်ထိုး နှံကြသည့် ကိုယ်ဝန်ဆောင်မိခင်များအား ဆရာမများက သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ဝန်စမ်းသပ် စစ်ဆေးခြင်း၊ သွေးအားနည်းခြင်းရှိ၊ မရှိ သွေးစစ်ခြင်း၊ သံဓာတ်ဆေးပြားများပေးခြင်း စသည်တို့ကို ဆရာမ များကပြုလုပ် ဆောင်ရွက်ခဲ့ကြရာကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာရေးဝန်ထမ်းများနှင့်ပြသ၍ ကိုယ်ဝန် ဆောင်စောင့်ရှောက်မှုကို အနည်းဆုံး (၄)ကြိမ်ပြသခံယူကြရန် မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှ ဆရာမများက လာရောက်ပြသသည့်ကိုယ်ဝန်ဆောင်မိခင်များအား ပြေကြားခဲ့ကြောင်းသိရသည်။
လှဝင်း