နောင်ချို ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများကို ယနေ့နံနက်(၉)နာရီအချိန်မှစ၍ နောင်ချိုမြို့ မဏိရတနာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းများကို ဇန်နဝါရီလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ထိ ကျေးရွာများ၌လည်းကောင်း၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မဏိရတနာ ခန်းမ၌လည်းကောင်း၊ ထိုးနှံပေးလျက်ရှိကြောင်း
ဆေးထိုးနှံရာတွင် ၂၀၂၁ ခုနှစ်စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၁၁ ရက် ၊ အောက်တိုဘာ ၁၄ ရက်မှ ၁၉ ရက် ၊ နိုဝင်ဘာ ၁၁ မှ ၂၃ ရက်နေ့များ ပထမအကြိမ်ထိုးနှံခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာန သိရသည်။
နောင်ချိုမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိပြီး ဆေးမထိုးမီ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ် (၃၀) ခန့် အနားယူစေခြင်းများကို ကျန်းမာရေးဌာနနှင့်အတူ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့များက ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊ (ပြန်/ဆက်)