ပေါင်မြို့နယ် ရင်းငြိမ်းမြောက်ကျေးရွာအုပ်စု၊ သဗြုချောင်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

ပေါင် ဇန်နဝါရီ ၁၂

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် ရင်းငြိမ်းမြောက် ကျေးရွာအုပ်စု၊ သဗြုချောင်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်း ဆောင်ရွက်မှုတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးက မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော် ဦးဆောင်သော အဖွဲ့က သဗြုချောင်ကျေးရွာရှိ  အသက် ၁၀ နှစ်ပြည့် ()ကတ်၊ အသက် ၁၈နှစ်ပြည့် (၁၀)ကတ်၊ လဲလှယ်ကတ် (၆၉)ခု စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်(၂၃)ကတ်၊ စုစုပေါင်း(၁၀၇)ကတ်တို့ကို ကွင်းဆင်း ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 ပေါင်မြို့နယ်(ပြန်/ဆက်)