မင်းတုန်း ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ မီနီဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းများ တစ်ရွာလျှင် ကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာ(၅)ရွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မအူဒိုင်းကျေးရွာ ရွာတွင်းလမ်း ကွန်ကရစ် ခင်းကျင်းပြီးစီပြီ ဖြစ်သည်။
၂၀၂၁-၂၀၂၂ မီနီဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းကို ထောက်ရစ်၊ မြို့ဟောင်း၊ တိုင်တား၊ သညန်းနှင့် မအူဒိုင်းကျေးရွာတို့တွင် ကျပ်သိန်း(၁၀၀)ဖြင့် ရွာတွင်းကွန် ကရစ်လမ်း အထူ ၆ လက်မ အကျယ် ၁၂ ပေနှင့် လမ်းအရှည်ပေ ၆၀၀ စီမံချက်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ ကျေးရွာပြည်သူလူထု၏ လုပ်အားပူးပေါင်းပါဝင်မှုဖြင့် ကျေးရွာအားလုံးရွာတွင်းကွန်ကရစ်လမ်း အရှည်ပေ ၁၀၀၀ စီအထိဆောင်ရွက်နိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်ထံမှ သိရှိရသည်။
မြို့နယ်ပြန်/ဆက်