ရေဦး ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဦးစီးဌာန၏အနီးကပ်ကြီးကြပ်မှု နှင့်အတူ မြို့နယ်လုံးလျှပ်စစ်ဓာတ်အားပြည့်၀စွာ သုံးစွဲနိုင်ရေး (RCS-1, RCS -2 Towers ) လျှပ်စစ်တာဝါတိုင် တည်ဆောက်ခြင်းလုပ်ငန်းကို ဆောက်လုပ်ရေးဦးစီးဌာနရုံး၀င်းပတွင်း၌ ဇန်နဝါရီ ၅ ရက်နေ့မှစ၍ တည်ဆောက်ခဲ့သည်။
အဆိုပါလျှပ်စစ်တာဝါတိုင်များကို ၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် နတ်မောက်ကုမ္မဏီမှ တာ၀န်ယူတည်ဆောက်ပေးလျက်ရှိသည်။ တာဝါတိုင်အမြင့် ၅၃ မီတာရှိပြီး ယခင်တာဝါတိုင်ထက် ၁၀ မီတာ ပိုမြင့်ကြောင်းသိရသည်။
" အလားတူ ရေဦး - ခင်ဦး နယ်မြေချင်းဆက်စပ်လျက်မူးမြစ်ကူးလျှပ်စစ်ကြိုးများ ချိတ်ဆက်သွယ်တန်းနိုင်ရေး (RCS(1) Tower) တာဝါတိုင်အမှတ်(၁)ကိုလည်း တစ်ပြိုင်တည်းတည် ဆောက်ခဲ့ရာ ယခုအခါ မူးမြစ်အနီး (RCS (1) Tower)တာဝါတိုင်မှာတည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ မူလကတပ်ဆင်ထားသော လျှပ်စစ်ဓာတ်အား လိုင်းကြိုးများမှာ ခံနိုင်၀န်အား ထိန်းနိုင် မှုမရှိ၍ အသစ်ထပ်မံတည်ဆောက်ပေးခြင်းဖြစ်ကြောင်း " မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ကပြောသည်။
သန်းထိုက်