သတင်းများ

မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါအသိပညာပေး နှိုးဆော်ခြင်း ဆက်လက်ဆောင်ရွက်
Jan 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက် စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည် နှိုးဆော်ခဲ့သည်။
ဂေါ်ဖီထုပ်များ ယခင်နှစ်ထက် စျေးကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အမြတ်ငွေပိုမိုရရှိ
Jan 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်းရှိ ယောမြေနီ၊ ခွင်တောင်း၊ အောက်ဇီးဖြူပင်၊ လက်ပံကွေ့ စသည့်ကျေးရွာများနှင့် ဝန်းသိုမြို့နယ်အတွင်းရှိ မကျည်းကုန်း၊ ကြို့ကုန်း၊ ဇီးဖြူပင်၊ ဂွေ့ကြီး၊ လက်ပံကြီးတော၊ အုပ်ဖို၊ သရက်အိုက်၊ စိန်လည်၊ ရှမ်းစု၊ အောင်းကုန်း၊ သပြေသာ၊ ကြိုင်းခွင် စသည့်ကျေးရွာများသည် ဒေါင်းမြူးချောင်းကို အခြေခံ၍ သီးနှံမျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ ဂေါ်ဖီထုပ်များ ယခင်နှစ်များထက် စျေးကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အမြတ်ငွေပိုမိုရရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ စစ်ပင်တောင်ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြည်သူများ လက်ဝယ်အရောက် ပေးအပ်
Jan 12,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စစ်ပင်တောင်ရပ်ကွက်တွင် ယနေ့နံနက်(၉) နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်
Jan 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက သွားလာရခက်ခဲသော နမ့်ဖန်း ကျေးရွာနေ ပြည်သူများ မိုင်းလုံမြို့ရုံးတွင် လာရောက် ဆောင်ရွက်ခဲ့ကြသည်။
ပြင်စလူမြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre )၌ စာဖတ်ဝိုင်းကျင်းပ
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ရှိ ဒေသခံပြည်သူများ စာဖတ်ခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေး ဗဟုသုတများ တိုးပွားစေရန် နှင့်ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ တိုးပွားလာစေရန်၊ စဉ်းစားတွေးခေါ်တတ်စေရန် ရည်ရွယ်၍ ပြင်စလူမြို့၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းစီစဉ်ကျင်းပသော ဒို့ကျေးရွာဂျာနယ် အတွဲ ၁၈၊ အမှတ် ၂၄ ဒီဇင်ဘာလ ထုတ်မှ ဒေါက်တာမြင့်သန်းထွန်း ရေးသား သည့်လေထုညစ်ညမ်းမှုအန္တရာယ်ကို ကာကွယ်ပါ၊ ပြင်စလူမြို့နယ်မြေရဲစခန်းမှ စခန်းမှူး ဦးအေးမင်းထွဋ္ဌ်က ထွန်းလတ်ကိုရေးသားသည့် ကျွဲနွား များမှတစ်ဆင့် လူကိုကူးစက်တတ်သော တီဘီရောဂါသိကောင်းစရာများအား ယနေ့မွန်းလွဲ (၂) နာရီအချိန်က ကျန်းမာရေးဝန်ကြီးဌာန ၏ညွန်ကြားချက်များနှင့်အညီ Social Distancing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် ဥယျာဉ်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
Jan 12,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ဥယျာဉ်ကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ် ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ဥယျာဉ်ကျေးရွာ အ.ထ.က (ခွဲ) ကျောင်း တွင် ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။
စေတုတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇမျိုးကွဲသစ် ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 12,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ စေတုတ္တရာ မြို့နယ်၊ မကြီးစုကျေးရွာအတွင်း အသိပေးနှိုးဆော်ခဲ့ကြသည်။
"တူယှဉ်နွဲပျော် ဂီတပွဲတော်" တေးသီးချင်း သီဆိုမှုပြိုင်ပွဲတွင် ဧရာ၀တီတိုင်းဒေသကြီး ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် သူများ၏ ပြိုင်ပွဲဝင်သီချင်းများ အစမ်းလေ့ကျင့်သီဆိုမှု အခမ်းအနား ကျင်းပ
Jan 12,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက် နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် "တူယှဉ်နွဲပျော် ဂီတပွဲတော်" တေးသီးချင်း သီဆိုမှုပြိုင်ပွဲ (Level. 2) အဆင့်ပြိုင်ပွဲနှင့် (Level. 1)အဆင့်အုပ်စု (E) ပြိုင်ပွဲတွင် ဧရာ၀တီတိုင်းဒေသကြီး ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်မည့် ဒေါ်ချိုမီမီဇော်နှင့် ဒေါ်ဇင်သူသူထွန်းတို့၏ ပြိုင်ပွဲဝင်သီချင်းများ အစမ်းလေ့ကျင့် သီဆို မှုအခမ်းအနားကို ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ နေ့လည်(၁)နာရီတွင် ကျင်းပခဲ့သည်။