ဒဂုံအရှေ့ ဇန်နဝါရီ ၁၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စစ်ပင်တောင်ရပ်ကွက်တွင် ယနေ့နံနက်(၉) နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးသောင်းထွဋ်ဦးနှင့် ရပ်ကွပ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းလတ်တို့ တက်ရောက်ခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူးက ပြောကြားရာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်ပတ်သက်၍ သိကောင်းစရာများ၊ ကိုင်ဆောင်သူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ နိုင်ငံသားစိစစ်ရေးကတ် အသုံးဝင်ပုံတို့ကို အသေးစိတ် ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့် တာဝန်ရှိသူများက (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၂)ကတ်၊ ၁ဝနှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်(၃၇)ကတ်၊ အသစ်လဲလှယ်(၈)ကတ်၊ မိတ္တူ(၇)ကတ်၊ စုစုပေါင်း(၅၄) ကတ်အား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရပ်ကွက်များအလိုက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးမဉ္ဇူ